“ဖလမ်းမြို့မှ ဌာနဆိုင်ရာရုံးများ ရာနှုန်းပြည့်ပြုပြင်ပြီးစီး”
10 Nov
အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဌာနဆိုင်ရာရုံးများကိုပြန်လည်ပြုပြင်မှုများပြုလုပ်ခဲ့ရာ ရာနှုန်းပြည့်ပြုပြင်ပြီးဖြစ်ကြောင်း သိရပါတယ်။ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့တဲ့ ဖလမ်းမြို့မရဲစခန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအဆောက်အဦ များ၊ ၄ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၂ လုံး၊ ၂ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၂ ထပ်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးအဆောက်အဦ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးအဆောက်အဦတို့မှာ ရာနှုန်းပြည့် ပြုပြင် ပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ရာနှုန်းပြည့်ပြုပြင်ပြီးစီးခဲ့သော ဌာနဆိုင်ရာရုံးများ၊ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နေမှု တို့ကို နိုဝင်ဘာ ၉ ရက်မှာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် က ကြည့်ရှုစစ်ဆေး ခဲ့ပါတယ်။ (NVS 008)