“ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၇၁ ကွက်မှာ ရင်းနှီးမြှုပ်နှံရန် ပြည်တွင်းလုပ်ငန်းရှင်များကို ဖိတ်ခေါ်”

10 Nov

ကုန်းတွင်းနှင့် ကမ်းလွန်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက် ၇၁ ကွက်မှာ ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဖိတ်ခေါ်ထား ကြောင်း နိုဝင်ဘာ ၆ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့တဲ့ နိုင်ငံသားလုပ်ငန်းရှင်များ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဖိတ်ခေါ်ဆွေးနွေးပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ဆက်လက်အကောင်အထည်ဖော်ရန် စီစဉ်ထားတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှာ အောင်သိင်္ခ၊ မင်းရဲသူ၊ ပြည်သာယာနှင့် M-15 လုပ်ကွက်တို့ ပါဝင်ပါတယ်။ အဆိုပါစီမံကိန်းများအနက် အောင်သိင်္ခစီမံကိန်းကို ၂၀၂၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေပြီး မင်းရဲသူလုပ်ကွက်မှာ ၂၀၃၁ ခုနှစ်နှစ်ကုန်ပိုင်းမှာ ထွက်ရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ပြည်သာယာစီမံကိန်းကို ၂၀၂၉ ခုနှစ် နှစ်ကုန်ပိုင်းခန့် စတင်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီး M-15 လုပ်ကွက်တွင် ၂၀၂၆ ခုနှစ်ကုန်ပိုင်းမှာ အစမ်းတွင်း ၃ တွင်းစတင်တူးဖော်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

10 Nov

ADVERTISE HERE .