“ဂရန်းလှိုင်သာယာ တန်ဖိုးသင့်အိမ်ရာစီမံကိန်းမှာ မီးဘေးသင့်အိမ်ထောင်စု ၇၀ ကျော်ကို နေရာချထားပေး”

10 Nov

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)၊ ကျန်စစ်သားလမ်း (၁၉) ရပ်ကွက်မှာဖော်ဆောင် နေတဲ့ ဂရန်းလှိုင်သာယာ တန်ဖိုးသင့်အိမ်ရာစီမံကိန်း ပထမအဆင့်ပြီးစီးတဲ့ အိမ်ခန်းများအနက် မီးဘေးသင့် အိမ်ထောင်စု ၇၀ ကျော်ကို ဦးစားပေးနေရာချထားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ က နိုဝင်ဘာလ ၉ ရက်မှာ ကျင်းပခဲ့တဲ့ Grand Hlaing Thar Yar အိမ်ရာစီမံကိန်းဖွင့်ပွဲနှင့် အခန်းအပ်နှံပွဲအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဆိုပါ စီမံကိန်းကို အဆင့်လေးဆင့်ခွဲကာ ဆောင်ရွက်နေတာဖြစ်ပြီး ၂၀၂၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုနေရာချထားပေးခြင်း ဆောင်ရွက်ရာမှာလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်တာဝန်ပေးအပ်ထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစရှိတဲ့အဖွဲ့များက လှိုင်သာယာအနောက်ပိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် အိမ်ခန်းများကို မဲနှိုက်နေရာချထားပေးခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက လှိုင်သာယာမြို့နယ်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး နေအိမ်ပေါင်း ၈၀ ဝန်းကျင်ခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

10 Nov

ADVERTISE HERE .