“တတိယအကြိမ်မြောက် ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲကို ပျဉ်းမနားမြို့ မေခန်းမမှာ ပြုလုပ်”

10 Nov

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း(MCCPMD)မှ ဦးဆောင်ကျင်းပတဲ့ တတိယအကြိမ် မြောက် ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နံနက် ၉ နာရီက ပျဉ်းမနားမြို့၊ မေခန်းမမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲကို နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးရောင်းချခြင်းများ ပြုလုပ်လျက် ရှိပါတယ်။ အဆိုပါ ရောင်းချပွဲမှာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါကုသဆေးများ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါကုသဆေးများ၊ ဆီးနှင့် ကျောက်ကပ်ရောဂါကုသဆေးများ အပါအဝင် ဆေးကုမ္ပဏီ ၃၆ ခုမှ ဆေးဝါး အမျိုးအစားပေါင်း ၉၅၃ မျိုးကို ကုမ္ပဏီတိုက်ရိုက်စျေးနှုန်းများ၊ လျှော့စျေးများနဲ့ ရောင်းချပေးလျက်ရှိပါတယ်။ ဒါ့အပြင် ပြပွဲကျင်းပစဉ်ကာလအတွင်းမှာ ဆေးဝါးရောင်းချမှုအပြင် အခမဲ့ကျန်းမာရေးစစ်မှုများ လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေနဲ့ အလားတူ ဆေးဝါးရောင်းချပွဲများကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလမှာ မန္တလေးမြို့နှင့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလမှာ ရန်ကုန်မြို့များမှာ ထပ်မံဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

10 Nov

ADVERTISE HERE .