“စွန့်ပစ်အမှိုက်ပုံရှိ အမှိုက်ဟောင်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိ”

10 Nov

မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ကိုရီးယားနိုင်ငံ Global Energy Solution Co.,Ltd (GES) နှင့် မြန်မာနိုင်ငံ Hana Eco Energy Ltd တို့ ပူးပေါင်း၍ အမှိုက်ဟောင်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစီမံကိန်းက နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများရှိ မီသိန်းဓာတ်ငွေ့ကို စုစည်းသန့်စင်၍ Generator ဖြင့် လည်ပတ်ကာ လျှပ်စစ်ဓာတ်အား ၁ ဒသမ ၂ မဂ္ဂါဝပ်ထုတ်လုပ်ရန်ဖြစ်ပြီး BOT စနစ်နှင့် PPA စာချုပ်များ ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် အမှိုက်မှစွမ်းအင်ထုတ်လုပ်ခြင်း (Waste to Energy) စီမံကိန်း ဆောင်ရွက်ရန် တင်ဒါ ခေါ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။ လက်ရှိမှာ အမှိုက်စွန့်ပစ်ရန် မြေနေရာရှားပါးလာခြင်းကြောင့် ထားဝယ်ချောင်အမှိုက်ပုံအား ပိတ်သိမ်းနိုင်ခြင်း မရှိသေးကြောင်းနှင့် ပြည်သူများမှ နေ့စဉ်စွန့်ပစ်သည့် အမှိုက်တန်ချိန် ၁,၀၀၀ မှ ၁,၂၀၀ ခန့်ကို စီမံခန့်ခွဲနိုင်ရန် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ သရက်ပင်ချောင် အမှိုက်ပုံကို အရန်အဖြစ် အကောင်အထည်ဖော်လျက်ရှိပါတယ်။ အမှိုက်မှစွမ်းအင်ထုတ်လုပ်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက အမှိုက်ပုံစနစ်တကျ ပိတ်သိမ်းခြင်းလုပ်ငန်းစဉ်(Engineering Closure)အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (NVS 008)

10 Nov

ADVERTISE HERE .