“နိုင်ငံတော်အဆင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်”c
10 Nov
နိုင်ငံတော်အစိုးရ၏ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုင်ငံတော်အဆင့်ကျင်းပမည်ဖြစ်၍ ကျင်းပရေးဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၉ ရက်တွင် နေပြည်တော်ရှိ သာသနာရေးဝန်ကြီး ဌာနစုပေါင်းအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအစည်းအဝေးပွဲမှာ ဒုတိယသမ္မတဦးညိုစောက နိုင်ငံတော်အစိုးရ၏ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အကျိုးတော်ဆောင် ဆရာတော် ကြီးများအမှူးပြုသော ဒေသခံဆရာတော်များပင့်ဆောင်ပြီး ကထိန်သင်္ကန်းနှင့်အတူ အခြံအရံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆရာတော်ကြီးများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်၊ ပဒေသာပင်များကို တင့်တင့်တယ်တယ်နှင့် ကြည်ညိုဖွယ်ဖြစ်အောင်ပြင်ဆင်ဆောင်ရွက်ရန်၊ စနစ်တကျ ရှိစေရေးစီမံဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပါတယ်။ နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်၍ လုပ်ငန်းဆောင်ရွက်ရာတွင် လစ်ဟာမှုများမရှိအောင် ဆပ်ကော်မတီများ အလိုက် စနစ်တကျစီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ရန် ဒုတိယသမ္မတဦးညိုစော က မှာကြားခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာကြသူများက နိုင်ငံတော်အစိုးရ၏ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ (NVS 008)