“COP31 ရာသီဥတုညီလာခံကျင်းပသည့် အိမ်ရှင် တူကီယဲနိုင်ငံက ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း”

10 Nov

တူကီယဲနိုင်ငံတောင်ပိုင်း အန်တာလျာမြို့၌ ၂၀၂၆ ခုနှစ် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP31 ကို နိုဝင်ဘာလ ၉ ရက်က စတင်ကျင်းပခဲ့သည်။ ညီလာခံဖွင့်ပွဲတွင် တူကီယဲနိုင်ငံ ပတ်ဝန်းကျင်၊ မြို့ပြနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီး မူရတ်ကူရမ်က ယခင် COP ညီလာခံများတွင် သဘောတူညီခဲ့သည့် အချက် များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး နိုင်ငံအားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ ညီလာခံတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်သည်။ ကမ္ဘာ့ မိုးလေဝသအဖွဲ့ (WMO) ၏ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုခေတ်မတိုင်မီကာလထက် ၁ ဒသမ ၄၇ ဒီဂရီဆဲလ်စီးယပ် မြင့်တက်ခဲ့ကြောင်း သိရ သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ကလည်း ကမ္ဘာကြီးသည် ရာသီဥတုပြင်းထန်သည့် ခေတ်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ ယခုညီလာခံတွင် ဩစတြေးလျနိုင်ငံ က ဆွေးနွေးညှိနှိုင်းမှုများကို ဦးဆောင်မည်ဖြစ်ပြီး အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် တူကီယဲနှင့် ဩစတြေးလျ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ရာသီဥတုဆိုင်ရာ သဘောတူညီချက်များကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးပါလာမည်ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

10 Nov

ADVERTISE HERE .