“တရုတ်နိုင်ငံတွင် ရှီကျင့်ဖျင်၊ ပူတင်တို့နှင့်တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်း ထရမ့်ပြော”

10 Nov

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမယ့်သီတင်းပတ်အတွင်း တရုတ်နိုင်ငံကိုသွားရောက်မှာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့ကို တွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ထားကြောင်း နိုဝင်ဘာလ ၈ ရက်တွင် ပြောသည်။ ထိုတွေ့ဆုံမှုကို နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးပြင်ပမှာ ပြုလုပ်ဖို့ ရှိကြောင်း သိရသည်။ ထရမ့် က ရှီကျင့်ဖျင်၊ ပူတင်တို့နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် နျူကလီးယားလက်နက် ဖျက်သိမ်းရေးအပြင် အီရန်ပဋိပက္ခအဆုံးသတ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမယ်လို့ ဆိုထားသည်။ အမေရိကန်သမ္မတ၏ အဆိုပါပြောဆိုမှုသည် ကမ္ဘာ့အင်အားကြီးသုံးနိုင်ငံ ခေါင်းဆောင်များ ပထမဆုံး အကြိမ် ထိပ်သီးတွေ့ဆုံပွဲပြုလုပ်နိုင်မည့်အလားအလာကို ပိုမိုနီးစပ်လာစေသည်။ ထိုတွေ့ဆုံမှုအတွက် ဆွေးနွေး နေကြောင်း တရုတ်နှင့်ရုရှားတို့ကလည်း ယခင်ကထုတ်ဖော်ပြောကြားထားခဲ့ကြသည်။ ရုရှားသမ္မတပူတင်က သုံးနိုင်ငံ တွေ့ဆုံမှုတွင် ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးကို ဆွေးနွေးလိုမှုအား အဆိုပြုထားကြောင်း သတင်းတွေက ဖော်ပြထားသည်။ သို့ပေမယ့် တွေ့ဆုံမည့်အစီအစဉ်နှင့်ဆွေးနွေးမည့် အကြောင်းအရာများကို အတည်ပြုထားခြင်းမရှိသေး ကြောင်း BP သတင်းဌာနဖော်ပြချက်အရ သိရသည်။

10 Nov

ADVERTISE HERE .