“ပဲရစ်မာစတာပြိုင်ပွဲ ချန်ပီယံဆုကို ရရှိခဲ့တဲ့ အယ်ကာရက်ဇ်”

09 Nov

စပိန်တင်းနစ်သမား ကားလို့စ် အယ်ကာရက်ဇ် ဟာ ပဲရစ်မာစတာပြိုင်ပွဲ ဗိုလ်လုပွဲမှာ အမေရိကန်နိုင်ငံသား ရှဲလ်တန် ကို အနိုင်ရခဲ့ပြီးနောက် ကစားသမားဘဝ မာစတာ 1000 အမျိုးအစားပြိုင်ပွဲ ၉ ခုမြောက် ချန်ပီယံဆုကို ရရှိခဲ့ ပါတယ်။ ကမ္ဘာ့အဆင့်-၃ နေရာမှာရပ်တည်နေတဲ့ အယ်ကာရက်ဇ် ဟာ ဗိုလ်လုပွဲ ပွဲစဉ်အတွင်း ပြိုင်ဘက် ရှဲလ်တန် ကို ၇:၆၊ ၇:၅ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၂၀၁၂ ခုနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ ဒေးဗစ်ဖာဒါရာ နောက်ပိုင်း ဒီဆုကိုရရှိတဲ့ ပထမဆုံး စပိန်တင်းနစ်သမား ဖြစ်လာခဲ့ပါတယ်။ ယူအက်စ်အိုးပင်းပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အယ်ကာရက်ဇ် ဟာ တစ်ဦးချင်းချန်ပီယံဆု ၃ ခု ရယူထား နိုင်ခဲ့သလို မကြာမီကျင်းပမယ့် အေတီပီဖိုင်နယ်ပြိုင်ပွဲနှင့် အခုနှစ်ကုန်ပိုင်းမှာ စပိန်အသင်းအတွက် ကစားပေးရမယ့် ဒေးဗစ်ဖလားဖိုင်နယ်ပြိုင်ပွဲမှာ ရလဒ်များကောင်းရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ (NVS 008)

09 Nov

ADVERTISE HERE .