“မေဂျာလိဂ်ပြိုင်ပွဲ ရွှေဖိနပ်ဆုကို ၂ ရာသီဆက် ဆွတ်ခူးခဲ့တဲ့ မက်ဆီ”

09 Nov

အင်တာမိုင်ယာမီအသင်း၏ နာမည်ကျော်တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီ က မေဂျာလိဂ်ပြိုင်ပွဲ ရွှေဖိနပ်ဆု (ဂိုးသွင်းဘုရင်ဆု)ကို ၂ ရာသီဆက် ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ မက်ဆီ အနေနဲ့ မေဂျာလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရွှေဖိနပ်ဆုကို နှစ်ရာသီဆက် ရယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ မေဂျာလိဂ်ပြိုင်ပွဲတွင် ရွှေဖိနပ်ဆုကို ၂ ကြိမ်မြောက်ရယူနိုင်တဲ့ ၆ ဦးမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ မက်ဆီ က ၂၀၂၅ ခုနှစ် မေဂျာလိဂ်ပြိုင်ပွဲမှာ ၂၉ ဂိုးနဲ့ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သလို၊ ယခု ၂၀၂၆ ရာသီမှာလည်း ၂၆ ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီ အနေနဲ့ ၂၀၂၆ မေဂျာလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၂၆ ဂိုး၊ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး မေဂျာလိဂ်ပြိုင်ပွဲရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ (NVS 008)

09 Nov

ADVERTISE HERE .