“ပရီးမီးယားလိဂ်ပြိုင်ပွဲ သုံးပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်း”

09 Nov

ပြီးခဲ့တဲ့ စနေနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပွဲစဉ်မှာ အိမ်ရှင် နော်တမ်ဟမ်အသင်း က မန်စီးတီးအသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာကြောင့် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်သုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။ ယခုပွဲစဉ်မှာ အိမ်ရှင် နော်တင်ဟမ်အသင်းက မန်စီးတီးအသင်းကို အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်ကစားခဲ့ပြီး ပွဲချိန် ၆ မိနစ် နှင့် ၈ မိနစ်မှာ ဂိုးမများ ဆက်တိုက်သွင်းယူကာ ပွဲချိန်ပထမပိုင်းကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် ၅၂ မိနစ်မှာ မန်စီးတီးအသင်းက ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ နော်တင်ဟမ်အသင်းက တတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဧည့်သည်မန်စီးတီးအသင်းကို အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။ အခုရှုံးပွဲကြောင်း မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ဇယားမှာအဆင့် ၃ နေရာသို့ရောက်ရှိခဲ့ပြီး ဇယားထိပ်မှ အာဆင်နယ်အသင်းနဲ့ ခြောက်မှတ်ကွာဟသွားခဲ့ပြီး ဖြစ်ပါတယ်။ (NVS 008)

09 Nov

ADVERTISE HERE .