“BKFC ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်သွားမယ့် မက်ဂရီ ကော်နာ”

09 Nov

UFC ပြိုင်ပွဲရဲ့ ချန်ပီယံကြီး မက်ဂရီကော်နာ က UFC နှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက BKFC ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ကော်နာ ဟာ UFC နှင့် ကာလရှည်စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး သက်တမ်းကုန်ဆုံးရန် နောက်ထပ် တစ်ပွဲသာ ကျန်ရှိနေပြီး အဆိုပါ တစ်ပွဲသာ ကစားပြီးပါက UFC နှင့် လမ်းခွဲရန် ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ကော်နာ အနေနဲ့ UFC မှ အနားယူပြီးပါက ၎င်းကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားတဲ့ BKFC ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားပါတယ်။ Bare Knuckle fighting Championship (BKFC) အဖွဲ့ချုပ်က MMA ပြိုင်ပွဲများကဲ့သို့ နပမ်း၊ ခြေကန်ချက်၊ ချုပ်ကွက်များ၊ လက်အိတ်များမပါဘဲ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုတည်းသာ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ (NVS 008)

09 Nov

ADVERTISE HERE .