“သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ (၂၆)ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကျင်းပမည်”

09 Nov

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်၌ (၂၆)ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲ ကို ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲကို ၁၃၈၈ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၄ ရက် (နိုဝင်ဘာလ ၂၃ ရက်) ညနေ ၅ နာရီတွင် ရင်ပြင်တော်၌ ဖွင့်ပွဲအခမ်းအနားကျင်းပမှာဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည့် နိုဝင်ဘာလ ၂၄ ရက် နံနက် ၄ နာရီခွဲတွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ မသိုးသင်္ကန်းတော်များ ကပ်လှူ ပူဇော်မှာဖြစ်ပါတယ်။ နံနက် ၅ နာရီ ၁၅ မိနစ်တွင် ဆွမ်းတော်ကြီးဆက်ကပ် လှူဒါန်းမည်ဖြစ်ပြီး နံနက် ၆ နာရီတွင် လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ကုသိုလ်ပြု အမျှပေးဝေမှာြဖစ်ပါတယ်။ အဆိုပါ မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲသို့ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပြီး ကြွရောက်ကြည်ညိုသဒ္ဓါ ပွားများနိုင်ကြောင်းနှင့် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ ဖုန်း-၀၉-၂၆၄၄၃၆၅၄၅၊ ၀၉-၅၁၄၈၉၅၄ နှင့် ၀၉-၆၉၆၂၃၂၀၉၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS 008)

09 Nov

ADVERTISE HERE .