“တောင်ကြီးမြို့၌ (၂၅)ကြိမ်မြောက် ကမ္ဘောဇသာမဏေကျော်စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင်ကျင်းပ”

09 Nov

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့မှကြီးမှူး၍ (၂၅)ကြိမ်မြောက် ကမ္ဘောဇ သာမဏေကျော်စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင်ကို နိုဝင်ဘာလ ၈ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ရှိ အတုလ မာရဇိန်ဆုတောင်းပြည့်ဘုရား မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် ဆရာတော်များထံသို့ မြို့နယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဋ္ဌက (၂၅)ကြိမ်မြောက် ကမ္ဘောဇ သာမဏေကျော် စာမေးပွဲကျင်းပအောင်မြင်မှုအခြေအနေကို ဖတ်ကြားလျှောက်ထားပြီး ဘွဲ့ရသာမဏေကျော်များ အား ဘွဲ့ပုံတော်နှင့် ဘွဲ့တံဆိပ်တော်၊ ဘွဲ့အလံတော်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဆက်ကပ်ခဲ့ကြပါတယ်။ ဆက်လက်၍ ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး စာအောင်သာမဏေ ကျော်များအား မြို့လယ်ဓမ္မာရုံမှစတင်၍ သံဃဒါနများလောင်းလှူကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ မြို့မဈေးမီးပွိုင့်၊ ထိုမှတစ်ဆင့် ဈေးပိုင်းကုန်သည်လမ်း၊ မြတ်လေးလမ်း၊ စဝ်စံထွန်းလမ်းအတိုင်းကြွချီအပူဇော်ခံကြကြောင်း သိရပါတယ်။ (NVS 008)

09 Nov

ADVERTISE HERE .