“(၁၂)ကြိမ်မြောက် ထိုင်းပညာရေးပြပွဲကျင်းပ”
09 Nov
မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များ ထိုင်းနိုင်ငံရှိတက္ကသိုလ်များနှင့် ပညာရေးအခွင့်အလမ်းများကို တိုက်ရိုက်လေ့လာစုံစမ်းနိုင်မည့် (၁၂)ကြိမ်မြောက် ထိုင်းပညာရေးပြပွဲ 12th Thailand Education Fair (Myanmar) ကို နိုဝင်ဘာလ ၈ ရက်တွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ထိုင်းပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ ထင်ရှားသော တက္ကသိုလ်အသီးသီး၏ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ဒီပလိုမာများ အကြောင်း၊ ကျောင်းဝင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များကို သက်ဆိုင်ရာတက္ကသိုလ် ကိုယ်စားလှယ် များနှင့် တိုက်ရိုက်မေးမြန်းစုံစမ်းနိုင်မည် ဖြစ်သည့်အပြင် ကျောင်းသားလူငယ်များ အထူးစိတ်ဝင်စားကြသည့် ၁၀၀ ရာခိုင်နှုန်းအထိ အပြည့်အဝပံ့ပိုးပေးသော ပညာသင်ဆုများနှင့် တစ်စိတ်တစ်ပိုင်း ပညာသင်ဆုများကိုလည်း အသေးစိတ် စုံစမ်းလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အဆိုပါပြပွဲကို ထိုင်းနိုင်ငံတက္ကသိုလ်များမှ မြန်မာနိုင်ငံသားဘွဲ့ရ ကျောင်းသားဟောင်းများအသင်း AMAUT မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်သံရုံးက ပံ့ပိုးကူညီထားခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)