“မကွေးမြို့ ကမ်းနားလမ်းမှာ မြစ်ဧရာရှုခင်းသာ တိုးချဲ့တည်ဆောက်လျက်ရှိ”

09 Nov

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ကမ်းနားလမ်းမှာ မြစ်ဧရာရှုခင်းသာ (River View Point Pavilion) တိုးချဲ့ တည်‌ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မြစ်ဧရာရှုခင်းသာက ဧရာဝတီမြစ်ကမ်းအလှကို အခြေခံ၍ မြို့၏အထင်ကရ နေရာတစ်ခုအဖြစ် ပြည်သူများ နှင့် ခရီးသွားလုပ်ငန်းများအား ဆွဲဆောင်နိုင်စေရန်၊ မကွေးမြို့ပြအင်္ဂါရပ်နှင့်အညီ မြစ်ကမ်းနားမြေကွက်လပ်များအား သန့်ရှင်းသာယာလှပြီး လုံခြုံဘေးကင်းတဲ့ နေရာတစ်ခုဖြစ်လာစေရန် ဒေသခံပြည်သူများ၊ မိသားစုများ နှင့် လူငယ် လူရွယ်များ နံနက်ခင်းနှင့် ညနေခင်းချိန်များမှာ သဘာဝတရားနှင့် ထိတွေ့ကာ အနားယူအပန်းဖြေခြင်း၊ ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရန်နှင့် မြို့ပြအလှမြှင့်တင်ရန်တို့အတွက် နေရာတစ်ခုအဖြစ် ဖန်တီးနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ခြင်း ဖြစ်ပါတယ်။ အဆိုပါတိုးချဲ့ဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးနှင့် မြစ်ဧရာရှုခင်းအစဉ်အမြဲ သန့်ရှင်းသာယာ လှပစေရေးကို ဒေသခံများနှင့် တာဝန်ရှိသူများ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့ပါတယ်။ (NVS 008)

09 Nov

ADVERTISE HERE .