“တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်း ရရှိခဲ့”
09 Nov
တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိတဲ့ ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်းရရှိခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်ထံကနေ သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ ရေထွက်ကုန် မွေးမြူရေးကဏ္ဍငါးမျိုးကို နှစ်စဉ်တင်ပို့လျက်ရှိရာ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်မှာ မွေးမြူရေးကဏ္ဍတွင် ငါးမွေးမြူရေးလုပ်ငန်းမှ ၂ ဒသမ ၀၃၂ သန်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းမှ ၄၈ ဒသမ ၀၀၃ သန်း၊ ဂဏန်းပျော့မွေးမြူရေးလုပ်ငန်းမှ ၁ ဒသမ ၆၈၉ သန်း၊ ဂျင်းခရုမွေးမြူရေးလုပ်ငန်းမှ သုည ဒသမ ၄၂၄ သန်းနှင့် ရေမှော်မွေးမြူရေးလုပ်ငန်းမှ သုည ဒသမ ၀၄၅ သန်းဖြင့် စုစုပေါင်း ကုန်တန်ချိန် ၁၂,၂၆၇ ဒသမ ၃၆၉ တန်၊ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၄ သန်း ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ ပြည်ပပို့ကုန်ရေထွက်ပစ္စည်းများကို နှစ်စဉ်မွေးမြူလျက်ရှိပြီး မြိတ်ကျွန်းစုများနဲ့ ကမ်းနီးကမ်းဝေးတို့မှ ရေထွက်ကုန်များကို ဖမ်းဆီး၍ တိုးမြှင့်တင်ပို့ရောင်းချလျက်ရှိပါတယ်။ နှစ်စဉ်ရေထွက်ကုန် တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိလျက်ရှိတဲ့ မြိတ်ကျွန်းစုများက ရေချိုရေငန်သဘာဝသယံဇာတများ ထုတ်လုပ် မွေးမြူကာ နိုင်ငံစားနပ်ရိက္ခာနှင့် နိုင်ငံခြားဝင်ငွေများရရှိအောင် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)