“အမေရိကန်က အီရန်ရဲ့မြေပြင်ထောက်ပံ့ရေးလမ်းကြောင်းကို ပစ်မှတ်ထားမည်ဟုဆို”
09 Nov
အမေရိကန် အလယ်ပိုင်းဒေသစစ်ဌာနချုပ်က အထူးတပ်ဖွဲ့အသစ်တစ်ခုကို ဖွဲ့စည်းလိုက်သည်ဟု ဆိုထား သည်။ ထိုအထူးတပ်ဖွဲ့အနေဖြင့် အီရန်၏ မြေပြင်ထောက်ပံ့ရေးလမ်းကြောင်းတွေကို ပစ်မှတ်ထားပြီး ဟန့်တားမှု များ လုပ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါအထူးတပ်ဖွဲ့ကို သံမဏိတံခါးအထူးတပ်ဖွဲ့ဟု အမည်ပေးထားသည်။ လက်ရှိတွင် အမေရိကန်စစ်ဘက်မှ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့မှုများပြုလုပ်ထားသည်။ ထိုကဲ့သို့ပိတ်ဆို့မှုများ ပိုမိုခိုင်မာလာစေရန်အတွက် သံမဏိတံခါးတပ်ဖွဲ့က မြေပြင်ပိတ်ဆို့ရေးများကိုပါ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အမေရိကန် အလယ်ပိုင်းဒေသစစ်ဌာနချုပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရတ်ကူးပါး ကပြောသည်။ သံမဏိတံခါး အမည်ရှိ အထူးတပ်ဖွဲ့ကို ဖလော်ရီဒါပြည်နယ်ရှိ တမ်ပါမြို့မှာ အခြေစိုက်သွားမှာဖြစ်ပြီး အရပ်ဘက်နဲ့စစ်ဘက် ဝန်ထမ်း အယောက်၂၀ ခန့်နဲ့ လည်ပတ်သွားမည်ဖြစ်သည်။ ၎င်းအနေဖြင့် အမေရိက၏အခြားဌာနများနှင့် ပေါင်းစပ်ပြီး လုပ်ငန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အလယ်ပိုင်းဒေသစစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဓိကအနေဖြင့် အီရန်၏ မြေပြင်ထောက်ပံ့ရေးလမ်းကြောင်းများတွင် အဆင့်မြင့်စစ်လက်နက်စနစ်များ လှုပ်ရှားရွှေ့ပြောင်းမှု၊ အရပ်ဘက်-စစ်ဘက်သုံး နည်းပညာများပြောင်းရွှေ့မှု၊ ပိတ်ဆို့ခံထားရသည့် ကုန်ကြမ်းပစ္စည်း များ ဝင်ရောက်မှု၊ တရားမဝင်ငွေကြေးစီးဆင်းလည်ပတ်မှုတို့ကို စောင့်ကြည့်တားမြစ်သွားမှာဖြစ်သည်။ အီရန် အစိုးရဘက်မှ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအဆုံးသတ်စေရန် အမေရိကန်ဘက်က လိုက်လျောပေးရမည့် အချက် များကို ထုတ်ပြန်ဖော်ပြပေးထားသည်။ ထိုထုတ်ပြန်ချက်ထဲတွင် အီရန်အပေါ် ရေတပ်ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ ကလည်း တောင်းဆိုချက်တစ်ခုအနေဖြင့် ပါဝင်သည်။ အမေရိကန်သည် အီရန်၏တောင်းဆိုချက်ကို လိုက်လျော မည်ဆိုပါက အီရန်ဘက်ကလည်း ဟော်မုရေလက်ကြားကို ပြန်ဖွင့်ပေးသွားမယ်လို့ ဆိုထားသည်။ သို့ပေမဲ့ အီရန်အနေဖြင့် အမေရိကန်၏ပိတ်ဆို့မှုများကို အောင်မြင်စွာကျော်လွှားနိုင်နေကြောင်း သတင်းဌာနတချို့က ဖော်ပြထားသည် ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။