“ကာလရှည်အနားယူရမည့် ဘာလီဘာ”
08 Nov
ရိုးမားအသင်းကိုအနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါင်ကြွက်သားဒဏ်ရာရခဲ့တာကြောင့် မန်ယူကွင်းလယ်လူ ဘာလီဘာ အနေနဲ့ ကာလရှည်အနားယူရမှာဖြစ်ကြောင်း မန်ယူအသင်းနည်းပြ ကာရစ် က အတည်ပြုပြောကြား ခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ရိုးမားအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်၌ ဒုတိယပိုင်းမှာ အသင်းအတွက် ဂိုးရဖို့ကြိုးစားရင်း ဘာလီဘာ အနေနဲ့ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နည်းပြကာရစ် က ဘာလီဘာအနေနဲ့ အချိန်ကာလ တစ်ခုကြာ ကစားနိုင်ဦးမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ဘာလီဘာ ရဲ့ ဒဏ်ရာပြင်းထန်မှုနဲ့ ပတ်သက်လို့ မေးမြန်း ရာမှာ အတိအကျမသိရသေးပေမယ့် ရက်သတ္တပတ်အတန်ကြာ ကစားနိုင်မှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။(NVS 008)
08 Nov