“ပြည်‌ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော် တည်ဆောက်နေမှုများအား နိုင်ငံတော်သမ္မတ လိုက်လံကြည့်ရှုစစ်ဆေး”

07 Nov

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် နိုဝင်ဘာလ ၆ ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များနယ်မြေအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များက ရန်ကုန်ပညာရေးတက္ကသိုလ်(ကမာရွတ်နယ်မြေ)အတွင်း (၆)ထပ် စာသင်ဆောင်သစ်‌ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမာရွတ်နယ်မြေအတွင်း ဇုန်အလိုက် ပညာရေးနှင့်သက်ဆိုင်သည့် သင်ကြားရေးအဆောက်အဦများ၊ အုပ်ချုပ်ရေး အဆောက်အဦများ၊ ဝန်ထမ်းအဆောက်အဦများ၊ ကျောင်းသား၊ ကျောင်းသူအဆောင်များ၊ အားကစားဆိုင်ရာ အဆောက်အဦများနှင့် တည်ဆောက်ဆဲ အဆောက်အဦများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်(ကမာရွတ်နယ်မြေ) အတွင်း (၆)ထပ်စာသင်ဆောင်သစ် တည်ဆောက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက အဆောက်အဦသစ်များ တည်ဆောက်ရာတွင် စနစ်တကျနေရာချ၍ တည်ဆောက် သွားရန်လိုပြီး ရေရှည်ကိုကြည့်၍ ဖြစ်ပေါ်လာနိုင်သည်များကို အဘက်ဘက်မှ တွက်ချက်ဆောင်ရွက်သွားရန်၊ စာသင်ဆောင်အနေဖြင့် လူအများစုဝေးရောက်ရှိနေမည့် အဆောက်အဦဖြစ်၍ သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍လည်း ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါတယ်။ ထို့နောက် တက္ကသိုလ်များ ပုံနှိပ်တိုက်၊ တက္ကသိုလ်များအားကစားကွင်း၊ တက္ကသိုလ်များရေကူးကန်နှင့် တက္ကသိုလ်များဆေးရုံတို့ကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)

07 Nov

ADVERTISE HERE .