“ရုရှားရှိ ဂျပန်ကုမ္ပဏီလုပ်ငန်း၏ ပိုင်ဆိုင်မှုများကို ရုရှား ယာယီလွှဲပြောင်းရယူမှုအပေါ် ဂျပန်ကန့်ကွက်”
07 Nov
ရုရှားနိုင်ငံရှိ ဂျပန်ကုမ္ပဏီလုပ်ငန်း၏ ပိုင်ဆိုင်မှုများကို ရုရှားဘက်က ယာယီလွှဲပြောင်းရယူမှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥရောပရေးရာဗျူရို ညွှန်ကြားရေးမှူးချုပ် Hitoshi Nakamura က နိုဝင်ဘာလ ၆ ရက်တွင် ဂျပန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Nikolai Nozdrev ထံ ကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် ရုရှားဘက်အားတောင်းဆိုခဲ့သည်ဟု ဂျပန်နိုင်ငံ Kyodo သတင်းဌာန၏ ယင်းနေ့ သတင်းအရ သိရသည်။ ဂျပန် တိုဘာကိုကုမ္ပဏီ(JT)က လက်ရှိအခြေအနေနှင့် နောင်တွင် လုပ်ဆောင်နိုင်ဖွယ်ရှိသော တုံ့ပြန် ဆောင်ရွက်မှုများအပေါ် သေချာစွာ စိစစ်သုံးသပ်လျက်ရှိကြောင်း နိုဝင်ဘာလ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု အခြား ဂျပန်အသံလွှင့်ကော်ပိုရေးရှင်း(NHK) ၏ သတင်းအရ သိရသည်။ ရုရှားသမ္မတ ပူတင် သည် နိုဝင်ဘာလ ၅ ရက်တွင် သမ္မတအမိန့်ကြေညာစာတစ်စောင် လက်မှတ်ရေးထိုးကာ ရုရှားနိုင်ငံရှိ JT ၏ ပိုင်ဆိုင်မှုများကို ယာယီလွှဲပြောင်းရယူခဲ့ကြောင်း ရုရှားမီဒီယာများ၏ ယင်းနေ့သတင်းအရ သိရသည်။ သမ္မတအမိန့်ကြေညာစာအရ JT ၏ ရုရှားနိုင်ငံအတွင်း ထုတ်လုပ်မှုလုပ်ငန်းနှင့် သက်ဆိုင်သော အစုရှယ်ယာများကို ရုရှားဘက်က ယာယီလွှဲပြောင်း ရယူထားပြီးဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။ JT ကထုတ်ပြန်သည့် အချက်အလက်များအရ ၎င်းလက်အောက်ရှိ ဂျပန်တိုဘာကို အင်တာနေရှင်နယ်ကုမ္ပဏီ (Japan Tobacco International, JTI) သည် ၁၉၉၉ ခုနှစ်မှစ၍ ရုရှားတွင် လုပ်ငန်းများလုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် ရုရှား၌ ထုတ်လုပ်ရေးအခြေစိုက်စခန်း ၄ ခု ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အဆိုပါကုမ္ပဏီသည် ရုရှားဆေးရွက်ကြီး စျေးကွက်တွင် ၃၇ ရာခိုင်နှုန်းခန့် နေရာယူထားကြောင်း သိရသည်။ (Repost from Xinhua Myanmar)