“ပဲရစ်မာစတာအိုးပင်းတင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်မှထွက်ခွာခဲ့ရတဲ့ ဂျိုကိုဗစ်ချ်”

06 Nov

ပြင်သစ်နိုင်ငံ၌ကျင်းပလျက်ရှိတဲ့ ပဲရစ်မာစတာအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဆားဘီးယား ထိပ်တန်းတင်းနစ် ကစားသမား ဂျိုကိုဗစ်ချ် အနေနဲ့ ဒုတိယအဆင့်မှ ထွက်ခွာခဲ့ရကြောင်း သိရပါတယ်။ ဂျိုကိုဗစ်ချ် ဟာ ပဲရစ်မာစတာအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုဆွတ်ခူးနိုင်ခြေအဆင့်(၁၀) သတ်မှတ်ခံ ထားရသူဖြစ်သော်လည်း ဒုတိယအဆင့်တွင် ဩစတြေးလျတင်းနစ်ကစားသမား ဟီဂျီကာတာ ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်ပါတယ်။ အဆိုပါပွဲစဉ်၌ ဂျိုကိုဗစ်ချ် အနေနဲ့ နှစ်ပွဲတစ်ပွဲဖြင့်ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်ပါတယ်။ ဂျိုကိုဗစ်ချ် ဟာ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားဘဝ၌ ပဲရစ်မာစတာအိုးပင်းတင်းနစ်ပြိုင်ပွဲ၌ ချန်ပီယံဆုဖလား ခုနစ်ကြိမ် ဆွတ်ခူးနိုင်သည်အထိ အောင်မြင်မှုများရယူနိုင်ခဲ့သော်လည်း ယခုနှစ်ပြိုင်ပွဲတွင် ဒုတိယအဆင့်မှပင် စောစီးစွာ ထွက်ခွာခဲ့ရခြင်းဖြစ်ပါတယ်။(NVS 008)

06 Nov

ADVERTISE HERE .