“ဘာစီလိုနာအသင်းနှင့် ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ရာဖင်ဟာ”
06 Nov
ဘာစီလိုနာအသင်း တောင်ပံတိုက်စစ်ကစားသမား ရာဖင်ဟာ အနေနဲ့ အသင်းနှင့် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ ယခင်စာချုပ်က ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေပေမယ့် လက်ရှိရာသီပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူ ကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ရာဖင်ဟာ အနေနဲ့ တောင်ပံတိုက်စစ်နေရာမှာ ကစားနေသော်လည်း လိုအပ်ပါက အထောင်တိုက်စစ်မှူးနေရာမှာပါ ပြောင်းလဲကစားကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ရာဖင်ဟာ ရဲ့ ခြေစွမ်းအပေါ် ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ် က ချီးကျူးခဲ့ပြီး အခုရာသီမှာ ရာဖင်ဟာ ကို အထောင်တိုက်စစ်မှာ အသုံးပြုကာ ယာမယ် နဲ့ ဂေါ်ဒွန် ကို တောင်ပံတိုက်စစ်မှာ အသုံးပြုလျက်ရှိပါတယ်။(NVS 008)
06 Nov