“ပေါင်ကြွက်သားဒဏ်ရာကြောင့် တစ်လခန့်အနားယူရမည့် ကွင်းလယ်ကစားသမား ရိုဒရီ”
06 Nov
ဘာစီလိုနာအသင်းရဲ့ အဓိကကွင်းလယ်ကစားသမားဖြစ်တဲ့ ရိုဒရီ ဟာ ညာဘက်ပေါင်ကြွက်သား ဒဏ်ရာ ကြောင့် အနည်းဆုံးတစ်လခန့် အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။ ရိုဒရီ အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်(၄)အဖြစ် ကစားခဲ့တဲ့ ဘာစီလိုနာနှင့် အက်စ်တွန်ဗီလာအသင်း တို့ပွဲစဉ်၌ ပထမပိုင်းပြီးဆုံးခါနီးတွင် ညာဘက်ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ဆေးစစ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အနည်းဆုံးတစ်လခန့် အနားယူရမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြုကြေညာ ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ မန်စီးတီးမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစား ခဲ့တဲ့ ရိုဒရီ ဟာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့လို့ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်နေသူဖြစ်ပါတယ်။ ရိုဒရီ အနေနဲ့ တစ်လခန့် အနားယူရမှာဖြစ်လို့ အက်သလက်တီကို၊ ဗီလာရီးယဲလ်အသင်းတို့နဲ့ ကစားမည့် အရေးကြီးပွဲစဉ် များအပြင် နိုဝင်ဘာလ ၂၉ ရက်တွင်ကစားမည့် ဒီပို့တီဗိုအသင်းနှင့်ပွဲစဉ်အထိ လွဲချော်ဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)