“GiveMeSport က ရွေးချယ်ခဲ့သည့် ချန်ပီယံလိဂ် ထာဝရနေရာအလိုက် အကောင်းဆုံးကစားသမားစာရင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းမှ အများစုပါဝင်”

06 Nov

ထိပ်တန်းအားကစားသတင်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Give-MeSport ကရွေးချယ်ခဲ့သည့် ချန်ပီယံလိဂ် ပြိုင်ပွဲ ထာဝရနေရာအလိုက် အကောင်းဆုံးကစားသမားစာရင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ကစားသမားဟောင်း အများစုပါဝင်လာခဲ့ကြောင်း သိရပါတယ်။ GiveMeSport က ချန်ပီယံလိဂ်ပြိုင်ပွဲ ထာဝရနေရာအလိုက် အကောင်းဆုံးကစားသမားစာရင်းကို ၄-၃-၃ ပုံစံဖြင့် ရွေးချယ်ခဲ့ပြီး အကောင်းဆုံးကစားသမားစာရင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ကစားသမားဟောင်း ရှစ်ဦး အထိပါဝင်ပြီး ဘာစီလိုနာအသင်း ကစားသမားဟောင်းနှစ်ဦးနှင့် အေစီမီလန်အသင်း ကစားသမားဟောင်းတစ်ဦး ပါဝင်လာခဲ့ပါတယ်။ အကောင်းဆုံးကစားသမားစာရင်း၌ ဂိုးသမားနေရာတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ကာလရှည်ကစားခဲ့ပြီး အောင်မြင်မှုများရယူနိုင်ခဲ့သည့် ဂိုးသမား ကာဆီးလက်၊ ခံစစ်ကစားသမား လေးဦးနေရာတွင် ရီးရဲလ်မက်ဒရစ်အသင်း မှ ကစားသမားဟောင်းများဖြစ်တဲ့ ဘယ်ခံစစ်နေရာ၌ မာဆယ်လို၊ ညာခံစစ်နေရာ၌ ကာဗာဂျယ်၊ ဗဟိုခံစစ်နေရာ၌ ရာမို့စ် နှင့် အေစီမီလန်အသင်း ဂန္ထဝင်ကစားသမား မာဒီနီ တို့ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမား သုံးဦးနေရာတွင် ရီးရဲလ်မက်ဒရစ်အသင်း ကစားသမားဟောင်းဖြစ်သည့် လူကာ မိုဒရစ်၊ ကက်စ်မဲရိုး တို့နှင့်အတူ ဘာစီလိုနာအသင်း ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် အင်နီယေစတာ ပါဝင်ခဲ့ပြီး တိုက်စစ်ကစားသမား သုံးဦးနေရာတွင် ရီးရဲလ်မက်ဒရစ်အသင်း ကစားသမားဟောင်း ဘင်ဇီမာ နှင့် စီရော်နယ်ဒို၊ ဘာစီလိုနာအသင်းမှ ကစားသမားဟောင်း မက်ဆီ တို့ အသီးသီးပါဝင်ခဲ့ပါတယ်။(NVS 008)

06 Nov

ADVERTISE HERE .