“အမေရိကန်အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင်က အီရန်စစ်ပွဲကို အဆုံးသတ်မည်ဟု ပြောကြား”

06 Nov

အမေရိကန်အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ချပ်ခ်ရှူးမား က အီရန်နိုင်ငံနှင့် ဖြစ်ပွား နေသောစစ်ပွဲကို “မိမိတို့ အဆုံးသတ်သွားမည်” ဖြစ်ကြောင်းနှင့် ယင်းကိစ္စအတွက် ရီပက်ဘလစ်ကန်ပါတီဝင် အထက် လွှတ်တော်အမတ် အချို့ထံမှလည်း ထောက်ခံမှုရရှိမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက်တွင် ပြောကြားလိုက်သည်။ “ကျွန်တော်တို့ စစ်ပွဲကိုအဆုံးသတ်မှာပါ။ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ကျွန်တော်တို့နဲ့ ပူးပေါင်းလာတဲ့ ရီပက် ဘလစ်ကန်အမတ်တချို့ ရှိနေပါပြီ။ အမေရိကန်ပြည်သူတွေရဲ့ သဘောတူညီချက်မပါဘဲ စစ်ပွဲဆင်နွှဲတဲ့ သမ္မတ တစ်ဦးကို တားဆီးနိုင်မယ့် နည်းလမ်းတစ်ခုအနေနဲ့ ဘဏ္ဍာငွေကြေး ထိန်းချုပ်သုံးစွဲခွင့်အာဏာကို နိုင်ငံတည်ထောင် ခဲ့သူ ဖခင်ကြီးများက သတ်မှတ်ပေးထားပါတယ်” ဟု ဝါရှင်တန်ဒီစီရှိ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များ ရွေးကောက်ပွဲဆိုင်ရာ ကော်မတီရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရှူးမား က ပြောကြားခဲ့သည်။ ရွေးကောက်ပွဲနေ့ပြီးဆုံးပြီး နာရီပိုင်းအကြာတွင် ရှူးမား က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး သက်တမ်းဝက် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံး၌ ထိန်းချုပ် နိုင်စွမ်းကို ရယူနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။ သမ္မတ ဒေါ်နယ်ထရမ့် က နိုဝင်ဘာလ ၃ ရက် ညပိုင်းတွင် The Wall Street Journal သတင်းစာသို့ ပြောကြားရာ၌ သက်တမ်းဝက်ရွေးကောက်ပွဲများတွင် ရီပက်ဘလစ်ကန်ပါတီအနေဖြင့် နေရာအများအပြား ဆုံးရှုံးခဲ့ ရခြင်းအတွက် စစ်ပွဲက တစ်စိတ်တစ်ပိုင်း အကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း ယခုနှစ်အစောပိုင်းက စစ်ပွဲကို စတင်ခဲ့ခြင်းအတွက် မိမိအနေဖြင့်နောင်တမရကြောင်း ထရမ့် က ပြောကြားခဲ့သည်။ ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ၏ ရလဒ်မကောင်းမွန်ခြင်းမှာ စစ်ပွဲက အခန်းကဏ္ဍတစ်ခုမှ ပါဝင် ပတ်သက်နေသလားဟု အမေရိကန်သတင်းစာတစ်စောင်က မေးမြန်းရာတွင် “အီရန်ကိစ္စကလည်း အဲဒီအထဲက အစိတ်အပိုင်းတစ်ခုပေါ့” ဟု ထရမ့် က ဖုန်းမှတစ်ဆင့် ဖြေကြားခဲ့သည်။ ဇွန်လအတွင်းက ရီပက်ဘလစ်ကန် အထက်လွှတ်တော်အမတ် လေးဦးသည် ဒီမိုကရက်တစ်ပါတီဝင်များနှင့် ပူးပေါင်း၍ စစ်ရေးဆိုင်ရာ အာဏာအသုံးပြုခွင့်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို ထောက်ခံမဲ ပေးခဲ့ ကြသည်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် ကွန်ဂရက်လွှတ်တော်ထံမှ စစ်ရေးအင်အားအသုံးပြုခွင့် တရားဝင် ခွင့်ပြုချက်ရယူထားခြင်းမရှိဘဲ အီရန်နှင့် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများမှ အမေရိကန်တပ်ဖွဲ့များကို ပြန်လည် ရုပ်သိမ်းရန် ထရမ့် အား တောင်းဆိုထားသည်။ (Repost from Xinhua Myanmar)

06 Nov

ADVERTISE HERE .