“လိုင်ယွန်အသင်းမှ ထွက်ခွာခဲ့တဲ့ နည်းပြ ဖွန်ဆီကာ”

06 Nov

ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းရဲ့ နည်းပြရာထူးကို လက်ခံဖို့အတွက် နည်းပြ ဖွန်ဆီကာ ဟာ အသင်းနဲ့ လမ်းခွဲသွားပြီဖြစ်တယ်လို့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းက သတင်းထုတ်ပြန်ပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းဟာ လက်ရှိနည်းပြ ဘော်ဂတ်စ် နဲ့ စာချုပ်ကို ဖျက်သိမ်းဖို့အတွက် တနင်္ဂနွေနေ့က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဖွန်ဆီကာ ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ အသက် ၅၃ နှစ်အရွယ် နည်းပြ ဖွန်ဆီကာ ကို ခေါ်ယူမှုအတွက် စပို့တင်းလစ္စဘွန်းအသင်းဟာ လိုင်ယွန်အသင်းကို ယူရို ၅ သန်း ပေးရမှာဖြစ်ပြီး လိုင်ယွန်အသင်းဘက်က အခုလိုရာသီဝက်ကာလမျိုးမှာ အသင်းကနေထွက်ခွာပြီး တခြားအသင်းကို ပြောင်းလဲတာဝန်ယူမယ့် နည်းပြ ဖွန်ဆီကာ ရဲ့ မျှော်လင့်မထားတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အံ့အားသင့်ရသလို စိတ်မကောင်းလည်း ဖြစ်မိတယ်လို့ ပြောကြားထားပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ လိုင်ယွန်အသင်းကို စတင်တာဝန်ယူခဲ့တဲ့ နည်းပြ ဖွန်ဆီကာ ဟာ ပြီးခဲ့တဲ့ ရာသီအကုန်က အသင်းကို ပြင်သစ်လိဂ် အဆင့်(၄)နေရာမှာ ရပ်တည်စေခဲ့ပြီး ချန်ပီယံလိဂ်ခြေစစ်ပွဲ ကစားခွင့် ရအောင် ဦးဆောင်ခဲ့ပေမယ့် လိုင်ယွန်အသင်းကတော့ ခြေစစ်ပွဲမှာ ဖီနာဘာချီအသင်းကို ရှုံးနိမ့်ခဲ့ပြီး ယူရိုပါလိဂ် ပြိုင်ခွင့်သာ ရရှိခဲ့တာဖြစ်ပါတယ်။ ဖွန်ဆီကာ ရဲ့ လက်ထောက်နည်းပြ မာစီရယ် က လိုင်ယွန်အသင်းကို ယာယီ နည်းပြအဖြစ် တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

06 Nov

ADVERTISE HERE .