“ဂါဘရီရယ် ကို ခေါ်ယူရန် နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့တဲ့ ရီးရဲလ်အသင်း”

06 Nov

ရီးရဲလ်အသင်းက မန်ယူအသင်းလူငယ်တိုက်စစ်မှူး ဂါဘရီရယ် ကိုခေါ်ယူရန် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ အင်္ဂလန်ယူ-၁၇ လက်ရွေးစင်ကစားသမား ဂါဘရီရယ် က ချဲလ်ဆီး၊ အာဆင်နယ်နှင့် ဝက်စ်ဟမ်းအသင်းတို့ရဲ့ အကယ်ဒမီများတွင်လည်း တက်ရောက်ခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ မန်ယူ အကယ်ဒမီသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက ဂါဘရီရယ် ကို ပြီးခဲ့တဲ့ရာသီမှာ အသင်းကြီးနှင့်စတင် လေ့ကျင့်ခွင့်ပြုခဲ့ပြီး ပြီးခဲ့တဲ့ရာသီကြို အက်သလက်တီကိုအသင်းနှင့် ခြေစမ်းပွဲမှာ လူစားဝင်ကစားသမားအဖြစ် စတင်အသုံးပြုခဲ့ပါတယ်။ မန်ယူအသင်းက ရာသီသစ်အတွက် အသင်းလူစာရင်းမှာ ၎င်းကို ထည့်သွင်းခြင်းမရှိတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလတွင် ဂါဘရီရယ်၏ကိုယ်စားလှယ်အဖွဲ့က မန်ယူအသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ အနာဂတ်မှာ တောက်ပလာမည့် လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသော ဂါဘရီရယ် ကို ဘာစီလိုနာနှင့် PSG တို့ကခေါ်ယူရန် စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိအချိန်တွင် ရီးရဲလ်အသင်းက နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

06 Nov

ADVERTISE HERE .