“ပေါ်တူဂီကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့တဲ့ စီရော်နယ်ဒို”

06 Nov

ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒို ဟာ လက်ရွေးစင်ကစားသမားဘဝမှ အနားယူ လိုက်ပြီဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြုကြေညာလိုက်ပါတယ်။ လာမည့်ဖေဖော်ဝါရီလတွင် အသက် ၄၂ နှစ်ပြည့်မည့် စီရော်နယ်လ်ဒို က ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် ၂၃၄ ပွဲကစားကာ ၁၄၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။ စီရော်နယ်လ်ဒို အနေနဲ့ ပေါ်တူဂီလက်ရွေးစင်အဖြစ် ၂၀၀၃ ခုနှစ်တွင် စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင် အသင်း ပွဲအများဆုံးနှင့် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိပါတယ်။ (NVS 008)

06 Nov

ADVERTISE HERE .