“ဘိုင်ယန်မြူးနစ်အသင်းနှင့် ဟာရီကိန်း ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို”
06 Nov
အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်း က ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၉ ခုနှစ် အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ ၂၀၂၆ ခုနှစ်အတွက် Ballon d'Or ဆုကို ရရှိထားတဲ့ ဟာရီကိန်း က စာချုပ်သစ်အရ တစ်ပတ်လစာ ပေါင် ၄၀၀,၀၀၀ ရရှိသွားမည်ဖြစ်ကြောင်း သိရပါတယ်။ စပါးအသင်း၏ တိုက်စစ်မှူးဟောင်းဖြစ်သည့် ဟာရီကိန်း က ၂၀၂၃ နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နှင့် အပိုဆုကြေး ယူရို ၁၀ သန်းနဲ့ ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီး ဘွန်ဒစ်လီဂါ၏ တန်ဖိုးအကြီးဆုံး ကစားသမားခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဟာရီကိန်း ရဲ့ မူလစာချုပ်မှာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အကောင်းဆုံးခြေစွမ်း ပြသလျက်ရှိတဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်းက သက်တမ်းတိုးခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)
06 Nov