“ရေရှားပါးနိုင်တဲ့ကျေးရွာများစာရင်းကောက်ကာ သောက်သုံးရေဖြန့်ဝေရေး ကြိုတင်ပြင်ဆင်ရန် တိုက်တွန်းထား”

06 Nov

ရေရှားပါးပြတ်လပ်နိုင်ခြေရှိတဲ့ ကျေးရွာများကို ကြိုတင်စာရင်းကောက်ယူပြီး ရေသယ်ယာဉ်များနဲ့ သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရန် လိုအပ်ချက်နှင့် ကုန်ကျစရိတ်များ တွက်ချက်ထားကြရန် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း က နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအစည်းအဝေးခန်းမမှာ ကျင်းပတဲ့ အယ်လ်နီညိုဖြစ်စဉ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးညှိနှိုင်းအစည်းအဝေး မှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ကျေးရွာလူဦးရေနှင့် ရေလိုအပ်ချက်၊ ရေအရင်းအမြစ်နှင့် အကွာအဝေး၊ ဖြန့်ဝေရမည့် ရေပမာဏ၊ ကြာမြင့်ချိန်နှင့် စက်သုံးဆီကုန်ကျစရိတ်တို့ကို ခိုင်မာတဲ့ အချက်အလက်များအပေါ် အခြေခံ၍ ကြိုတင်တွက်ချက် ထားရန် မှာကြားခဲ့ပါတယ်။ အစည်းအဝေးမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ အယ်လ်နီညို ကာလအတွင်း သောက်သုံးရေပြတ်လပ်မှုမရှိစေရန် ကြိုတင်ပြင်ဆင်ထားမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

06 Nov

ADVERTISE HERE .