“ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဆောင်ရွက်မည်ဟု UWSP ဒုတိယဥက္ကဋ္ဌ ပြော”

06 Nov

ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာကာ ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဟု “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က နိုဝင်ဘာလ ၃ ရက်မှာ ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့၌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကလည်း “ဝ” ဒေသ၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးမည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။ အစိုးရနှင့် နှစ်ပေါင်း ၃၀ ကျော် ငြိမ်းချမ်းရေးတည်ဆောက်ထားမှုကို အခြေခံ၍ အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာစေရန် ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲမှာ နှစ်ဖက်တာဝန်ရှိသူများက အွန်လိုင်းလောင်းကစားနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

06 Nov

ADVERTISE HERE .