“မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုအတွက် အခြေခံပညာကျောင်း ၃၃ ကျောင်းရှိ”
06 Nov
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု အဆိုပြုလျှောက်ထားတဲ့ အခြေခံပညာကျောင်း ၃၃ ကျောင်းရှိကြောင်း သိရပါတယ်။ အဆိုပါကျောင်းများအတွက် အထောက်အပံ့ပစ္စည်းများဖြစ်သော အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ် ဆရာများ လက်စွဲစာအုပ် (Level-I, II, III, IV, V, Summary)နှင့် အမှိုက်ပုံးများကို နိုဝင်ဘာလ ၅ ရက်မှာ ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုနှင့် စိမ်းလန်းစိုပြည်မှုက ကျောင်းသား/သူ များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အလေ့အကျင့်ကောင်းများကို ကျောင်းသားအရွယ်ကပင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)