“သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြိုတင်ပေးချေခြင်းစနစ်ကို ဗဟိုဘဏ်ခွင့်ပြု”

06 Nov

ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းတဲ့ သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သောနိုင်ငံခြားငွေကို အချိန်မီရရှိ စေရန်နှင့် ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်ရည်ရွယ်၍ ကုန်ပစ္စည်းဖိုးကြိုတင်ငွေပေးချေခြင်း(Advance Payment)ကို ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထုတ်ပြန်လိုက်ပါတယ်။ အဆိုပါစနစ်အရ သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပါက ပထမအရစ်အဖြစ် လိုင်စင်ပါတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ သင်္ဘောတင် စာရွက်စာတမ်း အထောက်အထား(B/L)တင်ပြချိန်တွင် ဒုတိယအရစ်အဖြစ် လိုင်စင်ပါတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းနှင့် သွင်းကုန် ကြေညာလွှာ(ID) တင်ပြချိန်တွင် တတိယအရစ်အဖြစ်ကျန်ရှိတဲ့ လိုင်စင်ပါတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းတို့ကို နိုင်ငံတော်မှလိုအပ်သော သွင်းကုန်ပစ္စည်းများအတွက် ဗဟိုဘဏ်မှစိစစ်၍ နိုင်ငံခြားငွေရောင်းချ ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ ကြိုတင်ငွေပေးချေခွင့်ပြုလိုက်ခြင်းကြောင့် ပြည်ပSupplier များထံ ငွေပေးချေမှုနောက်ကျခြင်းကို လျှော့ချနိုင်မည်ဖြစ်ပြီး အရေးကြီးကုန်ပစ္စည်းများနှင့် ကုန်ကြမ်းများကို အချိန်မီမှာယူနိုင်ခြင်း၊ တစ်ကြိမ်တည်းငွေချေရ တဲ့ ဝန်ထုပ်ဝန်ပိုးလျော့နည်းသွားခြင်းနှင့် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ယုံကြည်မှုတိုးတက်လာမယ်လို့ သိရပါတယ်။ (NVS 008)

06 Nov

ADVERTISE HERE .