“မြန်မာ-တရုတ် နှစ်နိုင်ငံကြား တရားဝင်ကုန်စည်စီးဆင်းမှု ပိုမိုချောမွေ့မြန်ဆန်ရေးဆွေးနွေး”
06 Nov
မြန်မာ-တရုတ် နှစ်နိုင်ငံကြား တရားဝင်ကုန်စည်စီးဆင်းမှု ပိုမိုချောမွေ့မြန်ဆန်ရေးအတွက် ကူမင်းမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့် နှင့် ယူနန်ပြည်နယ်၊ ကူမင်းအခြေစိုက်အကောက်ခွန်ဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ရှီကျန်းကျင်း တို့ နိုဝင်ဘာလ ၄ ရက်က ကူမင်းမြို့ရှိ အကောက်ခွန်ဌာနရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံကြား တရားဝင်ကုန်စည်စီးဆင်းမှု ပိုမိုချောမွေ့မြန်ဆန်ရေး၊ မြန်မာ့ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုကဏ္ဍတိုးမြှင့်ရေးအတွက် သက်ဆိုင်ရာဌာနများကြား ပိုမိုထိတွေ့ဆက်ဆံနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)
06 Nov