“အရေးပေါ်လာပါက နိုင်ငံအတွင်း နျူကလီးယားလက်နက်ဖြန့်ကြက်ခွင့်ပြုရေး ဂျပန်စဉ်းစားနေ”
06 Nov
ဂျပန်အစိုးရက ပြန်လည်ပြင်ဆင်ထားသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ဒီနှစ်ကုန်ပိုင်းတွင် အပြီး သတ်နိုင်ဖို့လုပ်ဆောင်နေသည်။ အဆိုပါမဟာဗျူဟာ၏ ထူးခြားချက်တစ်ခုမှာ နိုင်ငံ့အရေးပေါ်အခြေအနေ ကြုံလာ ပါက နိုင်ငံအတွင်း နျူကလီးယားလက်နက် ဖြန့်ကြက်ခွင့်ပြုသွားမယ်ဆိုသည့် အဆိုပြုချက်တစ်ခုပါဝင်လာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဂျပန်အစိုးရသည် ၎င်းတို့အနေဖြင့် နျူကလီးယားရှောင်ကြဉ်ရေးမူကြီး သုံးချက်ကို အလေးထားလိုက်နာသွားမယ်လို့ ဆိုထားပြန်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် အဆိုပါမူကြီးသုံးချက်ကို ပြောင်းလဲမှုပြုလုပ်မည်မဟုတ်ဘဲ အရေးကြုံလာပါ က နျူကလီးယားလက်နက် ဖြန့်ကြက်ခွင့်ပြုသွားမယ်ဆိုတဲ့ ကင်းလွတ်ခွင့်လေးတစ်ခုကိုသာ ထပ်ထည့်သွားမှာ ဖြစ်တယ်လို့ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သိရှိသူများက ပြောသည်။ မူကြီးသုံးချက်သည် နျူကလီးယားလက်နက် မပိုင်ဆိုင်ရေး၊ မထုတ်လုပ်ရေး၊ မိတ်ဆက်ခွင့်မပြုရေးတို့ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။