Asthma ရောဂါ အကြာင်း
05 Nov
ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ Asthma ရောဂါအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ Asthma ဆိုတာ ပန်းနာရင်ကြပ်လို့ခေါ်တဲ့ အဆုတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Asthma ရဲ့ ရောဂါလက္ခဏာ တွေကတော့ အသက်ရှုရခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုတဲ့အခါမှာ တရွှီရွှီနဲ့ မြည်သံကြားရခြင်း၊ ရင်ဘတ်မှာ တင်းကြပ်နေသလို ခံစားရခြင်း၊ အသက်ရှုရင် နာသလိုခံစားရခြင်း၊ အားမရှိသလို ခံစားရခြင်း၊ ပင်ပန်း နုံးချိခြင်း စသည်တို့ ဖြစ်ပါတယ်။ Asthma ရောဂါဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ အသက်ရှုလမ်းကြောင်းမှာ ပိုး(Infection)ဝင်ခြင်း၊ တစ်စုံတစ်ခုနဲ့ allergy ရှိခြင်း(ဥပမာ ပန်းဝတ်မှုံ၊ အမွှေးနံ့၊ နံ့သာ၊ ဖုန်မှုန့်တွေ)၊ လေထုညစ်ညမ်းမှုကြောင့်ဖြစ်ခြင်း၊ ဆေးလိပ်သောက်သုံးခြင်း၊ ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်ခြင်း၊ စိတ်ခံစားမှုပြင်းထန်ခြင်း၊ ready made အစား အစာတွေ(တာရှည်ခံဆေးပါဝင်တဲ့) စတဲ့ အရာတွေကနေဖြစ်နိုင်ပါတယ်။ ဆေးလိပ်ငွေ့ကို လုံးဝရှောင်ကြဉ်ပါ။ အကယ်၍ သင်ကိုယ်တိုင် ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်သောက်ခြင်းကို ဖြတ်လိုက်ပါ။ ဖုန်မှုန့်၊ မှိုနှင့် အိမ်မွေးတိရစ္ဆာန်များမှ ကြွေကျလာသော အရေပြားအမှုန်အမွှားများကို ကာကွယ်ရန်အတွက် ခေါင်းအုံးနှင့် မွေ့ရာများတွင် ဓာတ်မတည့်မှုကာကွယ်နိုင်တဲ့ အဖုံးများ စွပ်ပေးထားပါ။ အိပ်ရာခင်း၊ စောင်နဲ့ ခေါင်းအုံးစွပ်များကို အပတ်စဉ် ရေနွေးဖြင့် လျှော်ဖွပ်ပါ။ ဖုန်စုပ်စက်အသုံးပြုရာတွင် HEPA စစ်ထုတ်ကိရိယာ (HEPA filter) ပါဝင်တဲ့ စက်ကို အသုံးပြုပါ။ လေထုညစ်ညမ်းမှု မြင့်မားချိန်၊ မီးခိုးမြူများ ထူထပ်ချိန်မျိုးတွင် အိမ်တွင်း၌သာ နေထိုင်ပါ။ အနံ့ပြင်းတဲ့ ရေမွှေးများ၊ ဓာတုပစ္စည်းပါဝင်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းများနဲ့ ဖြန်းဆေးအမျိုးမျိုး (sprays) ကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပေးပါ။ Asthma ရောဂါကို လုံးဝပျောက်အောင်တော့ ကုသလို့ မရပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာကိုတော့ သက်သာ အောင် ပြုမူနေထိုင်ခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေး Annual Flu Vaccine တွေထိုးခြင်း၊ ရင်ကြပ်တာကို ပိုဆိုးရွားစေတဲ့ အရာတွေကို ရှောင်ရှားခြင်း၊ allergen တွေနဲ့ ထိတွေ့မှုလျှော့ချခြင်း၊ ဆေးလိပ်သောက်သုံးမှု လျှော့ချခြင်း၊ ခုခံအား အသွင်ပြောင်းလဲ ခြင်းကုထုံး allergy shot ရယူခြင်း စသည်တို့ဖြင့် သက်သာအောင်နေထိုင်ပြီး Asthma မှ နာတာရှည်အဆုတ်ရောင် ရောဂါ ဖြစ်ပေါ်လာနိုင်ခြင်းကို ကြိုတင်ကာကွယ် နိုင်ပါတယ်။ (NVS 003)