“WTA ဖိုင်နယ်အတွက် အုပ်စုပွဲတွေအတွက် မဲနှိုက်ရွေးချယ်”
05 Nov
အမျိုးသမီးတင်းနစ်တစ်ဦးချင်း ရာသီပိတ်ပွဲစဉ်ဖြစ်သလို အခုရာသီအကောင်းဆုံး တင်းနစ်မယ် ၈ ယောက်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ WTA ဖိုင်နယ်ပြိုင်ပွဲရဲ့ အုပ်စုတွေကို မဲနှိုက်ရွေးချယ်ခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ရီဘာကီနာ နဲ့ ကမ္ဘာ့အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ကိုကိုဂတ်ဖ် တို့ တစ်အုပ်စု တည်းကျရောက်နေပါတယ်။ အုပ်စု(၁)မှာ ရီဘာကီနာ၊ ကိုကိုဂတ်ဖ်၊ ပီဂူလာနဲ့ နော့စ်ကိုဗာ တို့ ဖြစ်ပါတယ်။ အုပ်စု(၂)မှာတော့ ကမ္ဘာ့အဆင့် ၂ နေရာမှာရှိနေတဲ့ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ၊ ကမ္ဘာ့အဆင့် ၃ နေရာမှာရှိနေတဲ ရုရှားတင်းနစ်မယ် အန်ဒရီဗာ၊ ကမ္ဘာ့အဆင့် ၆ နေရာမှာရှိနေတဲ့ ယူကရိန်းတင်းနစ်မယ် ဗီတိုလီနာ နဲ့ ကမ္ဘာ့အဆင့် ၇ နေရာမှာ ရပ်တည် နေတဲ့ ချက်တင်းနစ်မယ် မူချိုဗာ တို့လည်း ပါဝင်နေပါတယ်။ ၂၀၂၆ WTA ဖိုင်နယ်ပြိုင်ပွဲကို နိုဝင်ဘာလ ၈ ရက်ကနေ ၁၅ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ (NVS 008)