“အကောင်းဆုံးခြေစွမ်း ပြန်ရနိုင်မယ်လို့ ယုံကြည်တဲ့ ဖိုဒန်”
05 Nov
ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းကို ပြန်ရနိုင်လိမ့်မယ်လို့ မန်စီးတီး ကွင်းလယ်လူ ဖိုဒန်က ယုံကြည်နေပြီး လိုက်ပ်ဇစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ခြေစွမ်းပြနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဖိုဒန် ဟာ အောက်တိုဘာလ ၂၁ ရက်က ကစားခဲ့တဲ့ AEK အေသင်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း မန်စီးတီးအသင်းအတွက် ဖိုဒန်ရဲ့ ပထမဆုံး ဟက်ထရစ် လည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကစားသမားဘဝ အကောင်းဆုံး စွမ်းဆောင်မှုအဖြစ် သွင်းဂိုး ၂၇ ဂိုးသွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးဆုနဲ့ PFA တစ်နှစ်တာအကောင်းဆုံးဆုတွေကို ရရှိခဲ့တဲ့ ဖိုဒန်ဟာ နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းကျဆင်းမှုနဲ့အတူ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဖိုဒန်ဟာ ပြီးခဲ့တဲ့လက အစ်ဆွစ်ချ်အသင်းနဲ့ပွဲမှာလည်း မန်စီးတီးအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပြီး အခုရာသီ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို ရရှိခဲ့ပါတယ်။ (NVS 008)