“အရောင်းရဆုံး မေဂျာလိဂ်ဂျာစီစာရင်းမှာ လီဝန်ဒေါစကီး ၏ ဂျာစီ စတုတ္ထနေရာ ရပ်တည်”
05 Nov
ချီကာဂိုဖိုင်းယားတိုက်စစ်မှူး လီဝန်ဒေါစကီး ၏ ဂျာစီက ၂၀၂၆ ခုနှစ်အတွင်း အရောင်းရဆုံး မေဂျာလိဂ်ဂျာစီ စာရင်းမှာ စတုတ္ထနေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ မေဂျာလိဂ်၏ ၂၀၂၆ ခုနှစ်အတွင်း အရောင်းရဆုံးဂျာစီမှာ မက်ဆီ ၏ အင်တာမိုင်ယာမီဂျာစီဖြစ်ပြီး ၄ နှစ် ဆက်တိုက်အရောင်းရဆုံးဂျာစီအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆ ခုနှစ်အတွက် ဒုတိယ အရောင်းရဆုံးမှာ ဆွန်ဟောင်မင်၏ LAFC ဂျာစီဖြစ်ပြီး တတိယအရောင်းရဆုံးမှာ သောမတ်စ်မူလာ၏ ဗန်ကူးဗားဝှိုက်ကပ်စ် ဂျာစီဖြစ်ပါတယ်။ လီဝန်ဒေါစကီး၏ ချီကာဂိုဖိုင်းယားဂျာစီက စတုတ္ထနေရာ ရပ်တည်ခဲ့ပြီး ဂရီးဇ်မန်း၏ အော်လန်ဒိုစီးတီးဂျာစီက ပဉ္စမနေရာ ရပ်တည်နေပါတယ်။ ယခုစာရင်းကို ၂၀၂၆ ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၃၀ ရက်အထိ MLS အွန်လိုင်းစတိုးတွင် ဂျာစီရောင်းချရမှုအပေါ် အခြေခံတွက်ချက်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
05 Nov