“စကော့ပါကားကို နည်းပြသစ်အဖြစ် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်တဲ့ ဝက်စ်ဟမ်းအသင်း”
05 Nov
လိဂ်ချန်ပီယံရှစ်ကလပ် ဝက်စ်ဟမ်းအသင်းသည် အသင်း၏ ကစားသမားဟောင်းဖြစ်တဲ့ စကော့ပါကား ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီး ၂၀၂၉ ခုနှစ်အထိ ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ ဝက်စ်ဟမ်းအသင်းက ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁၈)နေရာသာ ရရှိခဲ့သဖြင့် လိဂ်ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရခြင်းဖြစ်ပြီး နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရရှိခဲ့တဲ့အတွက် နည်းပြ နူနိုဆန်တိုကို ရာထူးမှ ထုတ်ပယ်ကာ စကော့ပါကားကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း စကော့ပါကား က ဝက်စ်ဟမ်းအသင်းတွင် ၂၀၀၇ မှ ၂၀၁၁ အထိ ကစားခဲ့ဖူးသူဖြစ်ပြီး နည်းပြအဖြစ် ဖူလ်ဟမ်၊ ဘုန်းမောက်၊ ကလပ်ဘရုဂေးနှင့် ဘန်လေတို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။ စကော့ပါကားက ပြီးခဲ့တဲ့ရာသီမှာ ဘန်လေအသင်း တန်းဆင်းရရန် သေချာခဲ့ပြီးနောက် ဧပြီလမှာပင် လမ်းခွဲခဲ့ပြီး ၆ လကျော်အကြာမှာ ဝက်စ်ဟမ်းအသင်းကို ကိုင်တွယ်ခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)