“ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးအပြတ်ဆုံး အဝေးကွင်းအနိုင်ရလဒ်ရရှိခဲ့တဲ့ ကိုမိုအသင်း”

05 Nov

ကိုမိုအသင်းက ချန်ပီယံလိဂ်ပွဲစဉ်မှာ လန်းစ်အသင်းကို ၉ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် အပြတ်သားဆုံး အဝေးကွင်းအနိုင်ရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကိုမိုအသင်းက လန်းစ်အသင်းကို ပထမပိုင်းတွင် ၃ ဂိုး၊ ဒုတိယပိုင်းတွင် ၆ ဂိုးအထိ ထပ်မံသွင်းယူခဲ့ခြင်းဖြစ်ပြီး အမှတ်ပေးဇယား စတုတ္ထနေရာသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ကိုမိုအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ၏ League Phase အဆင့်၌ ဂိုးအပြတ်ဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခင် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ ရယူခဲ့ကြတဲ့ လီဗာပူးလ်(၂၀၀၇-၀၈)နှင့် ရီးရဲလ် (၂၀၁၅-၁၆)တို့၏ စံချိန်များကိုလည်း လိုက်မီခဲ့ပါတယ်။ဒါ့အပြင် ၂၀၂၄-၂၅ ရာသီ က ဘိုင်ယန်မြူးနစ်အသင်း၏နောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၉ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)

05 Nov

ADVERTISE HERE .