“ရန်ကုန်မြို့ရှိ ဗုဒ္ဓသာသနာ့သမိုင်းဝင် အမွေအနှစ်ပြခန်းများကို စနေ၊ တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ပြသ”

05 Nov

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးကုန်းမြေမဟာပါသာဏလှိုဏ်ဂူတော်ကြီး၌ ခင်းကျင်းပြသထားတဲ့ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သမိုင်းဝင်အမွေအနှစ် ပြကွက်နှင့်ပြခန်းများကို အများပြည်သူ လေ့လာဖူးမြော်နိုင်ရန် အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တိုင်း ဆက်လက်ဖွင့်လှစ်ပြသထားကြောင်း သိရပါတယ်။ အဆိုပါပြကွက်နှင့်ပြခန်းများကို ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ခင်းကျင်း ပြသထားခြင်းဖြစ်ပြီး ဗုဒ္ဓသာသနာတော်ဆိုင်ရာသမိုင်းဝင်အမွေအနှစ်များကို ရဟန်းရှင်လူပြည်သူများနှင့် ကျောင်း သား/ကျောင်းသူများ လာရောက်လေ့လာဖူးမြော်လျက်ရှိပါတယ်။ နိုဝင်ဘာလ ၁ ရက်မှာလည်း ကျောင်းသား၊ ကျောင်း သူ ၃၀၀ ဦးနှင့် ရဟန်းရှင်လူပြည်သူ ၇၀၀ ကျော်၊ စုစုပေါင်း ၁,၀၀၀ ကျော် လာရောက်လေ့လာဖူးမြော်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါသမိုင်းဝင်အမွေအနှစ်ပြကွက်နှင့်ပြခန်းများကို အပတ်စဉ်စနေနှင့်တနင်္ဂနွေနေ့များမှာ ဆက်လက် ဖွင့်လှစ်ပြသသွားမည်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများ လာရောက်လေ့လာဖူးမြော်နိုင်ကြောင်း သိရပါတယ်။ (NVS 008)

05 Nov

ADVERTISE HERE .