“နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာမှာ မိသားစုထံ ၃ လစာ ငွေလွှဲထားတဲ့ အထောက်အထား ပူးတွဲတင်ပြရမည်”

05 Nov

ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံ ကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားရာမှာ လစာဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထား အပြင် မိသားစုထံအနီးစပ်ဆုံး ၃ လစာ ငွေလွှဲပို့ထားတဲ့ အထောက်အထားများကိုပါ ပူးတွဲတင်ပြရတော့မှာ ဖြစ်ကြောင်း မြန်မာသံရုံး၊ ဖနောင်ပင်မြို့က နိုဝင်ဘာလ ၄ ရက်မှာ အသိပေးကြေညာခဲ့ပါတယ်။ အဆိုပါသတ်မှတ်ချက်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှစတင်၍ အကျုံးဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် လျှောက်ထားသူများအနေနဲ့ သတ်မှတ်ထားတဲ့ အထောက်အထားများကို ပူးတွဲ တင်ပြလျှောက်ထားရမည်ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ကိုယ်ပိုင်ဘဏ်အကောင့်များကို ဖနွမ်းပင်မြို့ရှိ Philip Bank မှာဖွင့်လှစ်ကာ မိသားစုထံငွေလွှဲပို့ခြင်းများဆောင်ရွက် နိုင်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ငွေလွှဲပို့ရာမှာ Sender Information နေရာ၌ ငွေလွှဲပို့သူ အလုပ်သမား၏ အမည်နှင့် Passport No. တို့ပါဝင်စေရေး သတိပြုရန် အသိပေးထားပါတယ်။ (NVS 008)

05 Nov

ADVERTISE HERE .