“နေပြည်တော်တန်ဆောင်တိုင် ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်”

05 Nov

နေပြည်တော်တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ်ဓာတ်ပုံပြိုင်ပွဲကို ပညာရှင်၊ ဝါသနာရှင်နှင့် လူငယ် ကျောင်းသားအဆင့်ဟူ၍ သုံးမျိုးခွဲကာ ကျင်းပမည်ဖြစ်ပြီး ပညာရှင်အဆင့် ပထမဆုရရှိသူကို ကျပ်သိန်း ၅၀ ချီးမြှင့်မည် ဖြစ်ကြောင်း နေပြည်တော်ကောင်စီက အသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါပြိုင်ပွဲကို “မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်တန်ဆောင်တိုင်ပွဲတော်”၊ “နေပြည်တော်တန်ဆောင် တိုင်ပွဲတော်နှင့်မြန်မာ့အလှ” ခေါင်းစဉ်နှစ်ခုနဲ့ကျင်းပမှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာပညာရှင်အဆင့်(Professional/ Open)၊ ဝါသနာရှင်အဆင့်(Camera/Phone Photography)နှင့် လူငယ်နှင့်ကျောင်းသားအဆင့်(Youth Photography)ဟူ၍ အဆင့်သုံးမျိုး သတ်မှတ်ထားပြီး စိတ်ပါဝင်စားသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။ ဆုကြေးငွေများအနေဖြင့် ပညာရှင်အဆင့်တွင် ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၄၀၊ တတိယဆု ကျပ်သိန်း ၃၀၊ စတုတ္ထဆု ကျပ်သိန်း ၂၀၊ ပဉ္စမဆု ကျပ် ၁၀ သိန်းနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်မည်ဖြစ်ပါတယ်။ ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသူများအနေနဲ့ နေပြည်တော်ကောင်စီရုံးသို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ (NVS 008)

05 Nov

ADVERTISE HERE .