“၈ မိနစ်အတွင်း သွင်းဂိုး ၄ ဂိုးကို အမြန်ဆုံးသွင်းယူခဲ့တဲ့ PSG အသင်း”

04 Nov

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်တဲ့ PSG အသင်းက ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ပွဲတည်း သွင်းဂိုး ၄ ဂိုး အမြန်ဆုံးသွင်းယူနိုင်တဲ့အသင်း၊ ပွဲစဥ် ၄ ပွဲမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့အသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ PSG အသင်းက ယခုတစ်ပတ်ချန်ပီယံလိဂ်ပွဲစဥ်မှာ ဗီလာရီးယဲလ်အသင်းကို ၆ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တဲ့ အတွက် ပွဲစဥ် ၄ ပွဲမှာ စုစုပေါင်းသွင်းဂိုး ၂၀ နဲ့ စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ PSG အသင်းက ဆလိုဗန်ကို ၆ ဂိုး ၁ ဂိုး၊ မန်စီးတီးကို ၄ ဂိုး ၂ ဂိုး၊ ဘာစီလိုနာကို ၄ ဂိုး ၂ ဂိုး၊ ဗီလာရီးယဲလ်ကို ၆ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ PSG အသင်းက ဗီလာရီးယဲလ်နှင့်ပွဲတွင် ပွဲအစ ၁၇ မိနစ်အတွင်းမှာပင် ၄ ဂိုးသွင်းယုနိုင်ခဲ့ပြီး ယင်း ၄ ဂိုးအတွက် အချိန် ၈ မိနစ်သာ ကြာမြင့်ခဲ့သောကြောင့် တစ်ပွဲတည်း ဂိုး ၄ ဂိုး အမြန်ဆုံးသွင်းယူနိုင်ခဲ့တဲ့ စံချိန်ကို တင်နိုင်ခဲ့ပါတယ်။ PSG အသင်းက ချန်ပီယံလိဂ်ဖလားကို နှစ်ရာသီဆက်ရရှိထားတဲ့ အသင်းဖြစ်ပြီး သုံးရာသီဆက် ရယူနိုင်ရန် နည်းပြ အန်နရစ် က ပစ်မှတ်ထားနေပါတယ်။ (NVS 008)

04 Nov

ADVERTISE HERE .