“နည်းပြ နူနိုဆန်တို ကို ရာထူးနေရာမှာ ပါကား နှင့် အစားထိုးဖွယ်ရှိတဲ့ ဝက်စ်ဟမ်းအသင်း”
04 Nov
လိဂ်ချန်ပီယံရှစ်ကလပ် ဝက်စ်ဟမ်းအသင်းသည် နည်းပြ နူနိုဆန်တို ကို ရာထူးမှ ထုတ်ပယ်ပြီးနောက် စကော့ပါကား နှင့် အစားထိုးဖွယ်ရှိနေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်မှ တန်းဆင်းထားတဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ လိဂ်ချန်ပီယံရှစ်တွင် ၁၃ ပွဲကစား ၂၂ မှတ်ဖြင့် အဆင့် ရှစ်နေရာမှာ ရပ်တည်နေပြီးနောက် နူနိုဆန်တိုနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက ဘန်လေ၊ ဘုန်းမောက်နှင့် ဖူလ်ဟမ်နည်းပြဟောင်းဖြစ်သူ စကော့ပါကား နှင့် ဆွေးနွေးမှုများမှာလည်း တိုးတက်မှုများ ရှိနေပြီး သဘောတူညီမှုရရန် နီးစပ်လျက်ရှိပါတယ်။ အင်္ဂလန်ကွင်းလယ်လူဟောင်း ပါကားအနေဖြင့် ကစားသမားဘဝ၌ ဝက်စ်ဟမ်းအသင်းတွင် လေးရာသီကြာ ကစားခဲ့ဖူးပြီး နည်းပြဘဝမှာ ဖူလ်ဟမ်၊ ဘုန်းမောက်နှင့် ဘန်လေအသင်းများကို ပရီးမီးယားလိဂ် တန်းပြန်တက်ခွင့် ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ (NVS 008)
04 Nov