“စီရော်နယ်လ်ဒို ရဲ့ အကြီးဆုံးသားကို ပေါ်တူဂီ ယူ-၁၇ အသင်းပထမဆုံးအကြိမ်ရွေးချယ်”

04 Nov

ပေါ်တူဂီ ယူ-၁၇ အသင်းဟာ စီရော်နယ်လ်ဒိုရဲ့ သားအကြီးဆုံးဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုဂျူနီယာ ကို ပထမဆုံးအကြိမ်ရွေးချယ်ခေါ်ယူခဲ့ပါတယ်။ ရော်နယ်လ်ဒိုဂျူနီယာ ဟာ နည်းပြ ဖိလစ်ပီရာမို့စ် ရဲ့ ၂၃ ဦးစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဂျူနီယာ ဟာ အခုလအတွင်း ပေါ်တူဂီယူ-၁၇ အသင်းနဲ့အတူ ဥရောပချန်ပီယံရှစ်ခြေစစ်ပွဲတွေ ကစားရမှာ ဖြစ်တယ်။ ရော်နယ်လ်ဒိုဂျူနီယာအနေနဲ့ပေါ်တူဂီ ယူ-၁၅၊ ယူ-၁၆ အသင်းတွေကိုလည်း ကိုယ်စားပြု ကစားထား ခဲ့ပါတယ်။ ပေါ်တူဂီယူ-၁၇ အသင်းဟာ နိုဝင်ဘာလ ၁၁ ရက်မှာ အန်ဒိုရာ၊ နိုဝင်ဘာလ ၁၄ ရက်မှာ ဘူလ်ဂေးရီးယား၊ နိုဝင်ဘာလ ၁၇ ရက်မှာဆားဘီးယားအသင်းတွေနဲ့လစ္စဘွန်းမှာပဲ သုံးပွဲစလုံးကစားရမှာဖြစ်ပါတယ်။ (NVS 008)

04 Nov

ADVERTISE HERE .