“M League ပြိုင်ပွဲပွဲစဉ်(၆)အပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ တန်းတက် ရန်ကုန်စီးတီးအသင်း”

04 Nov

ယခု ၂၀၂၆-၂၀၂၇ ရာသီ M League ပြိုင်ပွဲပွဲစဉ် (၆) အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးနေရာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး တန်းတက် ရန်ကုန်စီးတီးအသင်းက ဦးဆောင်နေကြောင်း သိရပါတယ်။ M League ပြိုင်ပွဲ ပွဲစဉ် (၆) ကို ပြီးခဲ့တဲ့အောက်တိုဘာလ ၃၀၊ ၃၁ နှင့် နိုဝင်ဘာလ ၁ ရက်က ကျင်းပပြုလုပ် ခဲ့ရာ ရန်ကုန်စီးတီးအသင်းက မြဝတီအသင်းကို ၃ ဂိုး၊ ၁ ဂိုး၊ ရှမ်းယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက် အသင်းကို ၁ ဂိုး၊ ဂိုးမရှိ၊ ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၄ ဂိုး၊ ၁ ဂိုး၊ ISPE အသင်းက ရတနာပုံအသင်းကို ၂ ဂိုး၊ ၁ ဂိုး၊ ဟံသာဝတီယူနိုက်တက်အသင်းက ချင်းလန့်အသင်းကို တစ်ဂိုး၊ ဂိုးမရှိ၊ စစ်ကိုင်း ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ၂ ဂိုး ၁ ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။ ယခုရာသီ M League ပြိုင်ပွဲတွင် ပွဲစဉ် (၅) အပြီးအထိ အမှတ်ပေးဇယားထိပ်ဆုံးနေရာ၌ ဦးဆောင်နေတဲ့ ဒဂုံစတားယူနိုက်တက်အသင်းက ပွဲစဉ် (၆) မှာ ရှမ်းယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးနေရာမှ ဆင်းပေးခဲ့ရပါတယ်။ ပွဲစဉ် (၆) အပြီးတွင် တန်းတက်ရန်ကုန်စီးတီးအသင်း က ၄ ပွဲနိုင်၊ ၂ပွဲသရေ၊ ရမှတ် ၁၄ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာ၌ ဦးဆောင်နေပါတယ်။ (NVS 008)

04 Nov

ADVERTISE HERE .