“အဲဗာတန်အသင်းမှာ ဂရီးလစ်ရှ် ၏အနာဂတ် ရှိနေသေးတယ်လို့ဆိုတဲ့ နည်းပြ မိုရက်”

04 Nov

အဲဗာတန်အသင်းနည်းပြ ဒေးဗစ် မိုရက် က အသင်းတွင် ကွင်းလယ်တိုက်စစ်ကစားသမား ဂရီးလစ်ရှ် ၏ အနာဂတ် ဆက်ရှိနေသေးသည်ဟု မှတ်ချက်ပြုခဲ့ပေမယ့် ဂရီးလစ်ရှ် အနေဖြင့် အသင်းသို့ မည်သည့်အချိန် ပြန်လာမည်ကို မသိကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ မန်စီးတီးအသင်းမှ အငှားလာကစားနေသူ ဂရီးလစ်ရှ် က စည်းကမ်းပိုင်းဆိုင်ရာကြောင့် နယူးကာဆယ်ကို အနိုင်ယူခဲ့တဲ့ လိဂ်ဖလားနှင့် ပရီးမီးယားလိဂ် နှစ်ပွဲစလုံး လွဲချော်ခဲ့ရပါတယ်။ ဂရီးလစ်ရှ် အနေဖြင့် အကြောင်းပြချက် မရှိ လေ့ကျင့်ရေးပျက်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဗာတန်အသင်းက ဂရီးလစ်ရှ် ပါဝင်ခြင်းမရှိမှုကို ကြံ့ခိုင်မှု အခြေအနေကြောင့်သာဖြစ်ကြောင်း အကြောင်းပြချက်ပေးခဲ့ပါတယ်။ ဂရီးလစ်ရှ် သည် ၂၀၂၁ ခုနှစ်တွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ဖြင့် ရောက်ရှိခဲ့ပြီး ၂၀၂၂-၂၃ ရာသီ ဖလားသုံးလုံး ဆွတ်ခူးခဲ့ရာမှာ အဓိကကစားသမား ဖြစ်ခဲ့ပါတယ်။ (NVS 008)

04 Nov

ADVERTISE HERE .